Behind the Design

Take a moment to familiarize yourself with the types of woods that Nicco utilizes when designing your furniture. The wood you choose will affect the pricing, color, feel, durability, and longevity of the furniture you end up buying. Selecting which wood you want to go with is a critical decision as it helps you to refine your budget, preference, and style. It will also be a deciding factor when you want to restore, resale, or discard a piece of furniture.

 
 

wood.jpg

ရော်ဘာသစ် ( မြန်မာ)

ရော်ဘာသစ်တွေဟာ သဘာဝအတိုင်း အလွယ်တကူပေါက်ရောက်နိုင်ပြီး ပေါများတဲ့သစ်အမျိုးအစားထဲမှာ ပါ,ပါတယ်။ ရော်ဘာသစ်အများစုဟာ မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ် မှ အဓိကရရှိပါတယ်။ ရရှိလာတဲ့ သစ်ကို NICCO ရဲ့ ကိုယ်ပိုင် Workshopမှာ ကိုယ်ပိုင်ပုံစံနဲ့ ထုတ်လုပ်တာ ဖြစ်တဲ့အတွက် လုံးဝ မြန်မာပြည်ဖြစ် ပစ္စည်းဖြစ်ပါတယ်။ ရော်ဘာသစ်က သူ့ရဲ့သစ်စေးနဲ့ သဘာဝကြောင့် အမြင်နဲ့တင် ရော်ဘာသစ်မှန်း သိသာနိုင်ပြီး ကိုယ်ပိုင် အသွင်အပြင်ကို ဖော်ဆောင်နိုင်တဲ့ သစ်ကောင်းတစ်မျိုးပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

wood-877368_960_720.jpg

ဝက်သစ်ချ( မြောက်အမေရိက)

သစ်ရဲ့ သိပ်သည်းဆများခြင်း၊ သဘာဝဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ ပိုးမွှားဒဏ် မှိုဒဏ်ကို ခံနိုင်ရည်ရှိခြင်း စတဲ့ အချက်တွေကြောင့် ဝက်သစ်ချသစ်ဟာ ရွေးချယ်သင့်တဲ့ သစ်ကောင်းတစ်မျိုး ဖြစ်လာပါတယ်။ ဗိုက်ကင်းလူမျိုးတွေရဲ့ စစ်သင်္ဘောတွေကစလို့ ဂျပန်လူမျိုးတွေရဲ့ စည်တွေ တူရိယာတွေအထိ၊ ပြီးတော့ ဥရောပနဲ့ မြောက်အမေရိကားရဲ့ ပရိဘောဂတွေအထိ ဝက်သစ်ချသစ်ဟာ သူ့ရဲ့ အရည်အသွေးနဲ့ ခံနိုင်ရည်ကြောင့် နာမည်ကျော်ကြားပါတယ်။ သစ်ရဲ့ အရည်အသွေး ခံနိုင်ရည် ကြာရှည်ခံမှုနဲ့ အမြင်လှပမှုတွေဟာ ဝက်သစ်ချသစ်ရဲ့ အောင်မြင်မှုနောက်ကွယ်က အမှန်တရားတွေ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

trees-1915249_960_720.jpg

ပြန်သုံး ကျွန်း ( မြန်မာ)

နီညိုရောင် အဆင်းနဲ့ အစပြုပြီး အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ညို့မှောင်လာတဲ့ အဆင်းကိုပြပါဆိုရင် နိုင်ငံရတနာ ကျွန်းသစ်မာကို ပြရပါလိမ့်မယ်။ ကမ်ဘာကျွန်းသစ်ရာခိုင်နှုန်း တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ရွှေနိုင်ငံလို့ ကမ်ဘာက သက်မှတ်ကြပါတယ်။ ကျွန်းသစ်ဟာ ကြာရှည်အခံဆုံးသစ်ပါလို့ ဖော်ပြဖို့ ထိရောက်သောစကားလုံးရှိခဲ့ရင် သုံးချင်ပါတယ်။ ကျွန်းပရိဘောကဆိုတာ သင့်တစ်သက်စာ(အချို့က မကပါဘူး) အသုံးပြုနိုင်လောက်အောင်ကို ကြာရှည်ခံတဲ့အမျိုးပါ။ ရာသီဥတုဒဏ်ကို ကောင်းကောင်းခံနိုင်ပြီး ဆွေးမြေ့မှုကို အံတုနိုင်တာကြောင့် အပြင်သုံး ပရိဘောဂအတွက် အလွန်သင့်တော်တဲ့ သစ်အမျိုးအစား ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ အသုံးပြုလို့ရနိုင်တဲ့ သစ်အရည်အသွေးရဖို့ စောင့်ဆိုင်းရတဲ့ ကြာချိန်ပဲ ဖြစ်ပါတယ်။ ကျွန်းတစ်ပင်လှဲပြီးရင် ပြန်အစားထိုးစိုက်ဖို့ အလွန်အရေးကြီးပါတယ်။ အခုချိန်မှာ ကျွန်းသစ်ဟာ ရှားပါးသစ်အမျိုးအစားဖြစ်ပြီး ထိန်းသိမ်းရမယ့် အနေအထားဖြစ်တာကြောင့် NICCO Company အနေနဲ့ ပရိ​ဘောဂတွေအတွက် ကျွန်းသစ်အဟောင်းကိုပဲ ပြန်သုံးပေးပြီး မြန်မာ့အမွေအနှစ်ကို ထိန်းသိမ်းပေးထားပါတယ်။

ဝါး( တရုတ်)

စီးပွားရေးအရ သဘာဝရဲ့ မိတ်ဆွေများထဲမှ တစ်ဦးဟာ ကမ်ဘာမှာ ပေါက်ရောက်ကြီးထွားမှု အမြန်ဆုံး ဝါးပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် စားလို့ရတဲ့ သစ်သားဟာ တစ်မျိုးတည်းရှိပါတယ်။ ဒါကတော့ ဝါးပင် ဖြစ်ပါတယ်။ မြန်မာ့ဟင်းလျာတွေထဲမှာ နေရာယူထားတဲ့ အပြင် တစ်ဖက်ကလည်း ဝါးရဲ့ အရောင်အသွေး၊ လိုက်လျောညီထွေနေနိုင်စွမ်းနဲ့ အလေးချိန် စီးလာတာနှင့်အမျှ ခံနိုင်ရည်တိုးလာတယ်ဆိုတဲ့ ဝိသေသတွေရှိပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ ဝါးထုတ်ကုန်တွေဟာ ရောင်းအားအလွန်ကောင်းပါတယ်။ ဒါပေမယ့် အရှေ့တောင် အာရှမှာတော့ ပရိဘောဂအနေနဲ့ အသုံးပြုလာတာ နှစ်ပေါင်းတစ်ထောင်​ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ NICCO ရဲ့ ပုံစံလှပ စိတ်ကျေနပ်ရမယ့် ဝါးပရိဘောဂတွေက သင့်အိမ်အတွက် စနစ်ကျန ရိုးရှင်းပြီး အသုံးဝင်မယ့် အဖော်ကောင်းတွေ ပရိဘောဂကောင်းတွေ ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

ash.jpg

အပ်ရှ်သစ် ( မြောက်အမေရိက)

Ashသစ်နဲ့ ပတ်သတ်လို့ သင့်ကို ပထမဆုံး သတိပြုမိစေမှာကတော့ သူ့ရဲ့ ချောမွတ်​နေတဲ့ အထိအတွေ့ပဲ ဖြစ်ပါတယ်။ အခြားအရည်အသွေးတွေကတော့ ကြာရှည်ခံမှု မာကြောမှုနဲ့ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်မှုပဲ ဖြစ်ပါတယ်။ မြင်သာတဲ့သစ်ကြောများနဲ့အတူ ဖျော့တော့တော့ အရောင်၊ ချောမွေ့တဲ့ အထိအတွေ့နဲ့ ဝက်သစ်ချသားနဲ့တူတဲ့ Ash သစ်ဟာ အသုံးပြုရလွယ်ကူပြီး ဆေးတင်တဲ့နေရာမှာ အလွန်ထိ​ရောက်ပါတယ်။ အထူးသဖြင့် Ash သစ်ဟာ တုန်ခါမှုကို ခံနိုင်တဲ့ သစ်အမျိုးအစားဖြစ်တာကြောင့် အားကစားသုံး ပစ္စည်းတွေမှာ အသုံးများလေ့ရှိပါတယ်။ ရေစုပ်ယူမှုနည်းပြီး တုန်ခါမှုကို လျော့ကျစေတာကြောင့် baseballs နဲ့ hockey ရိုက်တံတွေမှာ မကျိုးမပဲ့ဘဲ အသုံးပြုနိုင်လောက်အောင် ကောင်းမွန်ပါတယ်။ ဒါတင်မကသေးဘဲ Ash သစ်ရဲ့ ရုန်းကန်အားနဲ့ ကွေးညွတ်မှုကို ခံနိုင်ရည်အားတို့ကြောင့် သစ်သား ပရိဘောဂပစ္စည်းတွေအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သစ်မာဖြစ်တဲ့အပြင် အလွယ်တကူအရောင်တင်နိုင်တာကြောင့် သင်ရဲ့ အိမ်ကို အရောင်အသွေးစုံပြီး သပ်ရပ်လှပစေမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

Beech.jpg

ဘိခ်ျသစ် ( ဂျာမနီ)

ဂျာမနီနိုင်ငံရဲ့ ရွက်ပြတ်ပင်တွေကြားမှာ အကျယ်ပြန့်ဆုံးနှင့် အသုံးဝင်ဆုံး သစ်မာပင်အမျိုးအစားထဲမှာ Beech သစ်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Beech သစ်မာပင်တွေဟာ နှစ်ပေါင်း သုံးရာနဲ့အထက် ပေါက်ရောက်နေနိုင်သော်လည်း အများစုက နှစ်ပေါင်း တစ်ရာ တစ်ရာ့လေးဆယ် အတောအတွင်း ခုတ်လှဲ အသုံးပြုကြပါတယ်။ အမြင့်အနေနဲ့ မီတာ 30-35 လောက်အထိ မြင့်မားပေါက်ရောက်ကြပါတယ်။ Beech သစ်တွေဟာ ပွန်းပဲ့ခြင်းနဲ့ အက်ကွဲခြင်း ဒဏ်တွေကို ကောင်းစွာ ခံနိုင်ရည်ရှိတဲ့အပြင် Beech သစ်နဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေဟာ ခေတ်မီလှပတဲ့ပုံစံကို ဖန်တီးပေးနိုင်ပါတယ်။ Beech သစ်ဟာ ချောမွေ့ မာကျောတဲ့သစ်ကြော၊ ညီညာတဲ့ မျက်နှာပြင်နဲ့ သဘာဝအရောင်အသွေးတို့ကြောင့် ရွေးချယ်သင့်တဲ့ သစ်အမျိုးအစား ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

rose-wood-log-250x250.jpg

သစ်နှင်းဆီ( အိန္ဒိယ)

သစ်မာအမျိုးအစားဖြစ်ပေမယ့် ပေါက်ရောက်ကြီးထွားတာမြန်ဆန်တဲ့ သစ်အမျိုးအစားကတော့ သစ်နှင်းဆီပဲ ဖြစ်ပါတယ်။ သစ်နှင်းဆီဟာ အမည်နဲ့လိုက်အောင် သူရဲ့ အရောင်အသွေးက နုနယ်စဉ်မှာ ရွှေညိုရောင်ဖြစ်ပြီး ရင့်တဲ့အချိန်မှာ နီညိုရင့်ရောင်အဖြစ်ပြောင်းလဲသွားပါတယ်။ သက်တမ်းကြာလာတာနဲ့အမျှ အရောင်ရင့်လာပြီး နောက်ပိုင်း အညိုရင့်ရောင်သို့ ပြောင်းလဲသွားပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ဟာ ယခင်က သစ်နှင်းဆီကို ပရိဘောဂအတွက်မဟုတ်ဘဲ ဆေးဖက်ဝင်အပင်အဖြစ် အိန္ဒိယသမားတော်များနဲ့ အီရန်သမားတော်များက အသုံးပြုခဲ့ကြတာပါ။ သစ်နှင်းဆီရဲ့ အရွက်နဲ့အစေးကို အနှစ်ဖြစ်အောင်ကြိတ်ပြီး အရေပြားဆိုင်ရာ ရောဂါအမျိုးမျိုးအတွက် ပါဝင်ဖက်ပစ္စည်းအဖြစ် အလွန်အသုံးဝင်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ လှပပြီး ကြာရှည်ခံတဲ့ ပရိဘောဂများအဖြစ် ပြောင်းလဲအသုံးပြုနေပြီး ဈေးနှုန်းမြင့်မားကာ တစ်ဆင့်ပြန်လည်ရောင်းချမယ်ဆိုရင်တောင် တန်ဖိုးမလျော့တဲ့ ပရိဘောဂအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

dark-walnut-varathane-interior-wood-stain-339720-e1_1000.jpg

သစ်ကြား ( မြောက်အမေရိက)

သစ်ကြားပင်တွေဟာ ရွတ်ပြတ်သစ်မာမျိုးဖြစ်ပြီး ဆောင်းတွင်းမှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတတ်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ ပြီးတော့ မိမိရဲ့ မူလအရောင်အသွေးကို နှစ်အတော်ကြာ ကောင်းကောင်းထိန်းထားနိုင်တဲ့ သစ်ကောင်းသစ်မာ အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါတင်မကသေး..သမိုင်းရဲ့ခေတ်တစ်ခေတ်မှာ သစ်ကြားသစ်ဟာ ပရိဘောဂတွေထဲမှာ အကောင်းဆုံးသစ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ပရိဘောဂချစ်မြတ်နိုးသူတွေနဲ့ အိမ်တွင်းအပြင်အဆင်ပညာရှင်တွေရဲ့ အကြိုက်ဆုံး သစ်ဆိုရင်လဲ မမှားပါဘူး။ သူမတူတဲ့ သစ်ကြားသစ်( Walnut)ရဲ့ မူလအရည်အသွေးကြောင့် 17th ရာစုနဲ့ 18th ရာစုတွေမှာ ဥရောပနိုင်ငံရဲ့ ပရိဘောဂ အများစုကို သစ်ကြားသစ်( Walnut)နဲ့ ပြုလုပ်ခဲ့ အသုံးပြုခဲ့ကြပါတယ်။ ယနေ့ခေတ်မှာဆိုရင် ပုံမှန်ဂရုစိုက်ရုံဖြင့် တစ်သက်တာ အသုံးပြုနိုင်မယ့် ပရိဘောဂစာရင်းထဲမှာ သစ်ကြားသစ်(Walnut) ပါ,ပါတယ်။ ကျစ်လစ်မာကြောသော သစ်ဖြစ်ခြင်း၊ သစ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သဘာဝသစ်ကြောတို့ ထူးခြားလှပနေခြင်းတို့က သစ်ကြားသစ်(Walnut)ကို ကောင်းစွာသိသာထင်ရှားစေပါတယ်။ အသားကောင်းတဲ့ သစ်ဆိုတာ သူရဲ့ပြီးပြည့်စုံတဲ့ အသွင်အပြင်၊ အခြားသောသာမန်သစ်တွေထက် သာလွန်ကောင်းမွန်ခြင်း၊ ဖန်းတီးမှုကောင်းရင် ကောင်းသလောက် ထိုက်တန်ခြင်းတို့ကို ရရှိပိုင်ဆိုင်ထားပါတယ်။ သစ်ကြားသစ်(Walnut)ရဲ့ အခြားသော အားသာချက်တွေထဲက တစ်ခုသည် သဘာဝပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိခြင်း ဖြစ်ပြီး ၎င်းက အခြားသစ်တွေလို ပတ်ဝန်းကျင်စိုထိုင်းမှု ပူပြင်းမှုကြောင့်ဖြစ်တဲ့ ပွခြင်း ကျုံ့ခြင်းတွေကို ကောင်းစွာခံနိုင်ရည်ရှိပါတယ်။ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ဈေးနှုန်းတွေ ရှိနေတတ်ပါတယ်။ သင့်အတွက် ခမ်းနားထည်ဝါမှု ထိုက်တန်မှု ကြာရှည်ခံမှုတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ကုန်ကျစရိတ်ဆိုတာ အရေးပါလှတဲ့အရာတော့ မဟုတ်လှပါဘူး။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

2259299_720x600.jpg

သစ်ကြားနီ( တောင်အမေရိက)

အနီရောင် သစ်ကြားသစ်မျိုးနဲ့ပြုလုပ်ထားတဲ့ပရိဘောဂတွေကတော့ ထူးခြားကောင်းမွန်ပြီး သင့်ရဲ့ စိတ်ပျော်ရွှင် ကျေနပ်မှုအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။ သစ်ကြားနီဟာ ရေရှည်ခိုင်ခံ့ကာ သင့်အတွက် အမြဲတမ်းသစ်လွင်ပြီး သက်တမ်းရှည်တဲ့ ပရိဘောဂမျိုးကို ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ စိုထိုင်းဆ နည်းပါးပြီး အပူဒဏ်ခံနိုင်တာကြောင့် သိပ်လှတဲ့တောင်သူလေးနဲ့ ပမာနှိုင်းရရင် ပိုမည်မထင်ပါ။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။

pine.jpg

ထင်းရှူး ( နယူးဇီလန်)

ကျွန်ုပ်တို့ရဲ့ ပရိဘောဂအများစုကို သစ်မာနဲ့ပဲ ပြုလုပ်ကြပါတယ်။ ချွှင်းချက်တစ်ခုရှိပါတယ်။ မြင့်မားဖြောင့်စင်းစွာ ပေါက်ရောက်တတ်တဲ့ ထင်းရှူးသစ်ပျော့ပဲ ဖြစ်ပါတယ်။ သစ်မာများနှင့်မတူသည်မှာ သစ်ကြောမပါခြင်းနှင့် အရည်ဓာတ် စိမ့်ဝင်နိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင် ထင်းရှူးဟာ အရောင်ဓာတ်ကို ကောင်းစွာစုတ်ယူနိင်တာ​ကြောင့် သစ်ကို အရောင်တင်တဲ့နေရာမှာ အလွန်ကောင်းမွန်ပါတယ်။ ဂရုစိုက်ရင် စိုက်သလို လှပခန့်ထည်တာကြောင့် ထင်းရှူးဟာ ပရိဘောဂနယ်ပယ်မှာ နာမည်တစ်ခုနဲ့ ရပ်တည်ပါတယ်။ NICCO မှာ အသုံးပြုတဲ့ ထင်းရှူးဟာ နယူးဇီလန်ထင်းရှူးဖြစ်ပြီး Pinus Radiata မျိုးစိတ်ဖြစ်ပါတယ်။ ယခင်ထွက်ရှိရာဒေသကတော့ ကယ်လဖိုးနီးယား( California)ဖြစ်ပြီး ယခုအချိန်မှာတော့ နယူးဇီလန်တောင်ပိုင်းရဲ့ မြေဆီလွှာ ရာသီဥတု အခြေအနေကြောင့် ပိုကောင်းတဲ့ အရည်အသွေးကို ရရှိပါတယ်။ နယူးဇီလန်ထင်းရှူးဟာ စရိတ်စက သက်သာပြီး စွယ်စုံအသုံးပြုနိုင်တဲ့ အရောင်ဖျော့သစ်မျိုးဖြစ်ပါတယ်။ ရှည်လျားပြီး ဖြောင့်စင်းတဲ့ပင်စည်ကြောင့် ပရိဘောဂနဲ့အိမ်အပြင်အဆင်အတွက် အလွန်သင့်တော်တဲ့သစ်ကို ထုတ်ပေးနိုင်ပါတယ်။ ထင်းရှူးသားတွေဟာလည်း အမှုန့်ကြိတ်ပြီး အခြားသစ်များနှင့်ရောကာ ပစ္စည်းမျိုးစုံကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ ထင်းရှူးသစ်ဟာ မိမိအိမ်ကို ဈေးသက်သက်သာသာနဲ့ ကောင်းကောင်း မွန်းမံလိုရပါတယ်။ ထင်းရှူးရဲ့ အရောင်အသွေးက သင့်ရဲ့ပရိဘောဂတွေကို ကောင်းစွာ ဆွဲဆောင်မှုရှိစေတဲ့အတွက် သင့်အတွက် ရွေးချယ်စရာတစ်ခု ဖြစ်သင့်ပါတယ်။

ကျွန်ုပ်တို့၏ သစ်အမျိုးအစားများကို လေ့လာရန် ဤနေရာကို နိုပ်ပါ။


Notice that the stiffest tree is most easily cracked, while the bamboo or willow survives by bending with the wind.
— Bruce Lee
Let me look upward into the branches of the flowering oak and know that it grew great and strong because it grew slowly and well.
— Wilferd Arlan Peterson

The ash tree, called uinnseann in gaelic, has strong links in with the Vikings, but also has its place in British folklore.
— Paul Kendall
Rosewood has always been one of my favourite scents.
— David Beckham

The tree I had in the garden as a child, my beech tree, I used to climb up there and spend hours. I took my homework up there, my books, I went up there if I was sad, and it just felt very good to be up there among the green leaves and the birds and the sky.
— Jane Goodall
The waving of a pine tree on the top of a mountain - a magic wand in Nature’s hand - every devout mountaineer knows its power.
— John Muir
[Teak] is generally an enormous tree, measuring often in height some fifty to sixty feet, and in girth as much as twelve to fifteen or sixteen feet. It is wood that takes a comparatively short time to season, and it is used enormously by the Burmese for their carvings. In fact, everything practically that is not built of bamboo or brick in Burma, is built of teak wood.
— Gwendolen Galton Trench Gascoigne, 1896
They settled in, and later in the day, Elsa took Dolly for a walk through the rubber trees. Each tree had a diagonal slash across its trunk, with a halved coconut shell cupped underneath. Elsa swirled her forefinger through one of these cups and dug out a hardened crescent of latex. “They call these cup-lumps,” Elsa said, handing the latex to Dolly. Dolly raised the spongy gray lump to her nose: the smell was sour and faintly rancid. She dropped it back into the coconut-shell cup.
— Amitav Ghosh, "The Glass Palace"